Wednesday, October 7, 2009

၂ နှစ်မြောက်ချစ်ပတ်လည်နေ့အတွက်


မောင်ရေ..မောင်နဲ့ချစ်တာဒီနှစ် ၂၂နိုဝင်ဘာ၂၀၀၉ဆို (၂)နှစ်ပြည့်တော့မယ်နော်..အဲဒီတုန်းကတော့မယုံမရဲနဲ့ ပဲ မချစ်ပဲမနေနိုင်တော့လို့ မောင့်ကိုချစ်လိုက်မိတာပါ..ခုထိလူချင်းမတွေ့ ရသေးပဲ ခိုင်ခိုင်မြဲမြဲချစ်နေတဲ့ဒို့ အချစ်ကတစ်ချို့ သူတွေ အတွက်တော့ ထူးဆန်းနေမလားပဲနော် ..ခဏခဏရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့များသောအားဖြင့်"မ" ထက်အများကြီးငယ်တဲ့မောင်ကလူကြီးဆန်လို့ "မ"ကိုအလျှော့ပေးတာများပါတယ်မောင်သိပ်ချစ်တာသိလို့များမောင့်အပေါ်ဆိုးမိသလားမသိ..ကိုယ့်ကိုယ်ကိုလည်းသိပါရဲ့..ဆိုးတာကို၊မောင်ရေ..မကိုချစ်လို့ကျေးဇူးတင်တယ်မောင်ရယ်..တစ်ကယ်ပါ..အချစ်ငတ်နေတဲ့"မ"ကိုမောင့်အချစ်နဲ့ဘဝမှာနေပျော်စေခဲ့တာ မောင့်ကိုချစ်ခွင့်ရလို့ကံကြမာကိုကျေးဇူးတင်တယ်..မောင်နဲ့ဒီနှစ်ဒီဇင်ဘာမှာဆုံနိုင်ခွင့်ကိုရင်ခုန်စွာမျှော်လင့်ရင်းပျော်နေမိတာမောင်သိလား

Friday, June 13, 2008

ချစ်သူမောင့်အတွက်ကဗျာ(၁)


စကြာဝဠာအနန္တကို ပိုင်ဆိုင်ခွင့်ရပါစေ
ငါကားထပ်မံတောင်းဆိုနေမည်ပင်၊
သို့သော် “သူ့ “ ကိုသာ ပိုင်ဆိုင်ရမည်ဆိုလျှင်
ဤလောကကြီး၏အသေးငယ်ဆုံးသောထောင့်တစ်နေရာ၌ပင်
ငါရောင့်ရဲ နှစ်သိမ့်နိုင်မည်ထင်။
(ရာဘင်ဒြာနသ်တဂိုး )
မှတ်ချက်၊ “သူ့ “ ---> "မောင်"့

Thursday, June 5, 2008

မောင့်ကိုပြောချင်တဲ့ရင်ထဲကစကား

မောင့်ကိုအရမ်းချစ်တယ်ဤမှန်ကန်သောသစ္စာစကားကြောင့်မောင့်အချစ်ကိုထာဝရပိုင်ဆိုင်ခွင့်ရပါစေ
မောင်ရေ..ဒီဘဝမှာညှိုနှိုင်းမရနိုင်တဲ့အခြေအနေတွေကြောင့်ဆုံဖို့ မဖြစ်နိုင်ပေမယ့်
နောက်ဘဝမှာအခြေအနေ၊အဆင့်အတန်း၊အသက်အရွယ်ဘာမှကွာခြားမှူမရှိဘဲမောင်နဲ့ အတူတူ
မောင့်ပါရမီဖြည့်ဖက်ဖြစ်ပါရစေလို့ ဆုတောင်းမယ်
မောင့်ကိုကျေးဇူးတင်တယ် မောင့်အချစ်တွေနဲ့ပျော်ရွှင်စေခဲ့လို့
မောင်နဲ့ဆုံခဲ့ရတဲ့အချိန်လေးတွေကဘဝရဲ့အမြဲသတိရနေမဲ့အမှတ်တရနေ့စွဲလေးတွေပါ
မ“ကိုစေတနာထားအဖော်လုပ်ပေးပျော်ရွှင်မှူတွေပေးခဲ့တဲ့မောင့်စေတနာတွေကြောင့်
မောင့်စေတနာမောင့်ကိုအကျိုးပေးပီး ဘဝမှာပျော်ရွှင်ဖွယ်မိသားစုဘဝပိုင်ဆိုင်နိုင်ပါစေလို့ 
အဝေးကဆုတောင်းနေပါမယ်
မ“ရဲ့ဘဝမှာမောင့်ကိုအချစ်ရဆုံးပဲ မောင့်လောက်မ အကြိုက်နဲ့ထပ်တူညီတဲ့ယောကျာ်းမရှိခဲ့ဖူးဘူး
မ“တို့ နှစ်ယောက်ကအသက်ချင်းအရမ်းကွာတယ်ဆိုတာတောင်မေ့နေရအောင်စိတ်ချင်းညှိလို့ ရခဲ့တာ
မောင့်ကို အရမ်းချစ်တယ်မောင်ရယ်…အချစ်ဆုံးပါပဲ
အချစ်ဆုံးချစ်သူမို့ အပြင်မှာဆုံခွင့်ရချင်မိတယ်..သေချာပေါက်တော့မမျှောင်လင့်ရဲဘူး
ဆုံခွင့်မရခဲ့ရင်တောင် မောင့်ကိုဘယ်တော့မှအပြစ်မတင်ဘူး…..မောင့်ကိုနားလည်ပေးမယ်
မောင်စိတ်တိုင်းကျအတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တယ်
မောင်ကကျန်နေခဲ့ဆိုနေခဲ့မယ် မောင်က မောင့်အနားမှာနေဆိုနေပေးမယ်
မောင့်အပေါ်မှာတစ်ခါတစ်ခါနွဲ့ ဆိုး ဆိုးချင်တယ်
မောင်အချစ်တွေကိုလောဘကြီးပြီးရတာထက်ပိုလိုချင်တယ်
မောင့်ဆီအချိန်တိုင်းဖုန်းဆက်ချင်တယ် မောင်ဆီကဖုန်းဆက်လာတာကိုအမြဲပဲတောင့်တတယ်
မောင်ကနေနိုင်ရင် ပစ်ထားရင် ဝမ်းနည်းတယ်စိတ်တိုတယ် မခံချင်စိတ်တွေနဲ့မောင့်ကိုဆိုးမိတယ်
နားလည်ပေးပါမောင်ရယ် မောင့်ကိုချစ်လွန်းလို့ရူးနေတာတွေကို
မောင့်ကိုခဏလေးဖြစ်ဖြစ်ပိုင်ဆိုင်ချင်တယ်

Wednesday, May 28, 2008

မချစ်မိလို့သေတဲ့သူမရှိဘူး..ချစ်မိလို့ရင်ကွဲရတဲ့သူဘဲရှိတယ်

အချစ်ဆိုတာတစ်ခါတစ်ခါချိုမြသလောက်တစ်ခါတစ်ခါရင်ကိုစူးရှနာကျင်စေတတ်ပါလားနော် ဒါကြောင့်လည်းအချစ်ကိုဓါးသွားပေါ်ကပျားရည်စက်လို့  တင်စားကြတာထင်ပါရဲ့
မောင်ရေ..မောင်ရေ..ရက်စက်လိုက်တာလို့ စွပ်စွဲရင် မောင်ကမသိနားမလည်သလိုလေသံနဲ့မောင်ဘာလုပ်လို့လဲလို့ပြောဦးမှာမို့လား
အခုဆို ရင်ထဲမှာအရမ်းမွန်းကြပ်နေတယ်
မောင့်ကိုအရမ်းချစ်တယ်..လို့ပြောပြီးမောင်နဲ့အရင်လိုကြည်နူးချင်လိုက်တာ မောင်ရာ..
ချစ်လွန်းလို့မောင့်အကြောင်းတွေးလိုက်ရုံနဲ့ကြည်နူးပြီးအလိုလိုပြုံးနေတတ်ခဲ့တဲ့သူပါ
အခုတော့ မောင့်အကြောင်းသတိရလိုက်တာနဲ့ရင်ထဲကစူးပြီးအောင့်လာအောင်
မောင်ရက်စက်တယ်..မောင်က နေစိမ့်တယ်နော်
မောင့်လုပ်ရပ်ကြောင့်မောင်အရမ်းချစ်ပါတယ်ဆိုတဲ့ မ ဒီလောက်ခံစားနေရတာကိုနည်းနည်းမှမစဉ်းစားပေးဘူး
တစ်ကယ်ဆိုရင် မ မောင့်အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာမောင်အသိဆုံး
ချစ်လွန်းလို့ဒီလောက်ခံစားနေရတာပါ
မောင့်အချိုးမျိုးမောင့်ကိုပြန်ဆက်ဆံရင်မောင်ဘယ်လိုနေမှာလဲ
ဘက်ပြောင်းပီးစဉ်းစားကြည့်ပါ..ကိုယ်ချင်းစာ..နာတတ်ပါစေမောင်ရေ..

Saturday, May 24, 2008

ရက်စက်လိုက်တာ....



မောင်ရေ..ရက်စက်လိုက်တာဟာ
ဒီကတော့ချစ်လိုက်ရတာ..မောင်ပြောတော့လည်းအရမ်းချစ်နေတာဆို
ဘယ်မှာလဲမောင့်အချစ်တွေက….မောင်ကမ’ကိုအခုထိမယုံကြည်ဘူးကိုး
မောင့်ကိုပြောဘူးတယ်နော်..မ ကိုမယုံတာ မ ကိုစော်ကားတာဘဲလို့
အထူးသဖြင့် ကိုယ်ရင်နင့်အောင်ချစ်ရတဲ့သူကမယုံတာ ဝမ်းလည်းနည်း၊နာလည်းနာကြဉ်းတယ်
ဒီနေ့ဘာရယ်မဟုတ်ဘဲမောင့်ကို cyber ကနေwebcamလေးပြပါလို့ပြောတာကို 'တော်ကြာပုံရိုက်ယူထားမှာစိုးလို'့ တဲ့လား
အရင်ထဲကမောင့်ဆီကဓါတ်ပုံရဖို့တောင်းရတုန်းကလည်းမောင်ပြောဘူးတာ
အခုထိရင်နာနေရတုန်းမို့မမေ့ဘူး..ဘာတဲ့..
”တော်ကြာမောင်မိန်းမယူတော့အဲဒီဓါတ်ပုံနဲ့ပြသနာရှာနေမှာစိုးလို့”တဲ့
ဟား ဟား လူတွေကအရမ်းရီရတယ်…သူတို့ကိုယ်ကျတော့သိပ်သိတတ်ကြတယ်နော်
အတ္တ တော်တော်ကြီးကြတဲ့ယောကျာ်းတွေထဲမှာ မောင်ပါနေတာအရမ်းရင်နာရတယ်
မယုံရင်လည်းမပတ်သတ်ကြတာအကောင်းဆုံးဘဲပေါ့ ဘာပဲဖြစ်ဖြစ်မောင့်ကိုအရမ်းချစ်ခဲ့တယ်ဆိုတာယုံလိုက်ပါ..

Friday, May 23, 2008

ချစ်သူမောင့်သို့ ဝန်ခံချက်

မောင် အရမ်းချစ်တာဘဲ
မ’ဘဝမှာမောင်မရှိတော့ရင်အသက်ဆက်မရှင်နိုင်တော့ လောက်အောင်ပဲ
မိုးလင်းအိပ်ရာနိုးတာနဲ့ မောင်
ရေချိုးတော့လည်းမောင်
အဝတ်လဲ အလှပြင်နေချိန်လည်း မောင်
ဘူတာကိုလမ်းလျှောက်နေချိန်မှာလည်းမောင်
ရထားစီးနေရင်းလည်းမောင် မနက်စာစားနေတော့လည်း မောင်
အလုပ်ပါးနေတဲ့အခါလည်း (မောင့် ဂျီတော့နစ်လေးကိုကြည့်ရင်း) မောင်
နေ့လည်စာစားပီးအသီးစားရင်း သူငယ်ချင်းတွေနဲ့စကားပြောနေချိန်လည်း မောင်
ကဲ..အလုပ်ပြီးတဲ့နောက်…အလုပ်ပြန်ချိန်ရထားပေါ်မှာ..၊အိမ်ကိုလမ်းလျှောက်တဲ့လမ်းမှာ..၊
အိမ်ရောက်ပြီးမောင်က အွန်လိုင်းပေါ်ရောက်မလာတဲ့အချိန်တွေမှာ..၊မောင်လာတဲ့နေ့တွေ မောင်အနားရှိနေချိန်တွေမှာ ရန်ဖြစ်လိုက် အချစ်စမ်းလိုက်နဲ့ ဘဝင်ကိုလေဟပ်ခဲ့သလောက် မောင်ပြန်သွားတဲ့အခါမှာ……….အဲဒီအခါတွေတိုင်းမှာ ရင်ထဲ မောင်
အိပ်ရာဝင်တော့လည်းမောင်အမှတ်နဲ့ဝက်ဝံလေးကိုဖက်ထားရင်း……အိပ်မပျော်ခင်အထိ မောင်များဖုန်းဆက်ဦးမလားမျှော်ရင်း တမ်းတနေမိတာလည်း ..မောင်
မောင်ရေ..အဲဒီလောက်ထိ မ ရဲ့ ဘဝမှာ မောင်ကအချိန်တိုင်းစိုးမိုးနေပြီ
အရူးအမူးဘဲမောင့်ကိုချစ်နေမိတယ် ဘယ်လိုလုပ်မလဲ

Sunday, April 6, 2008


မောင်ရေ.. မနေ့ ကမောင့် ကို စိတ်တိုပီး delete လုပ်လိုက်လို့
ဒီနေ့ မောင်က ph မခေါ်ဘူးနော်
မောင်က မလွမ်းတော့ဘူးလား
အရမ်းချစ်တယ်..ဆို
မ ကတော့ မောင့်ကို လွမ်းလို့  ငိုပီး ပီ။
မောင် ရေ..မောင့်မွေးနေ့ အတွက်ဒီနေ့ G-shock နာရီ ၀ယ်လာတယ်
မောင့်ကို ပြမလို့တောင်ပြခွင့်မရလိုက်ဘူး
နောက်လတွေမှ မ'အတွက် မောင့်အရောင်နဲ့ ဆင်တူတာဝယ်တော့မယ်
မောင်နဲ့ ဆင်တူလေးပတ်ချင်လို့..မ favourite နက်ပြာရောင်လေးဝယ်လာတယ်