Wednesday, May 28, 2008

မချစ်မိလို့သေတဲ့သူမရှိဘူး..ချစ်မိလို့ရင်ကွဲရတဲ့သူဘဲရှိတယ်

အချစ်ဆိုတာတစ်ခါတစ်ခါချိုမြသလောက်တစ်ခါတစ်ခါရင်ကိုစူးရှနာကျင်စေတတ်ပါလားနော် ဒါကြောင့်လည်းအချစ်ကိုဓါးသွားပေါ်ကပျားရည်စက်လို့  တင်စားကြတာထင်ပါရဲ့
မောင်ရေ..မောင်ရေ..ရက်စက်လိုက်တာလို့ စွပ်စွဲရင် မောင်ကမသိနားမလည်သလိုလေသံနဲ့မောင်ဘာလုပ်လို့လဲလို့ပြောဦးမှာမို့လား
အခုဆို ရင်ထဲမှာအရမ်းမွန်းကြပ်နေတယ်
မောင့်ကိုအရမ်းချစ်တယ်..လို့ပြောပြီးမောင်နဲ့အရင်လိုကြည်နူးချင်လိုက်တာ မောင်ရာ..
ချစ်လွန်းလို့မောင့်အကြောင်းတွေးလိုက်ရုံနဲ့ကြည်နူးပြီးအလိုလိုပြုံးနေတတ်ခဲ့တဲ့သူပါ
အခုတော့ မောင့်အကြောင်းသတိရလိုက်တာနဲ့ရင်ထဲကစူးပြီးအောင့်လာအောင်
မောင်ရက်စက်တယ်..မောင်က နေစိမ့်တယ်နော်
မောင့်လုပ်ရပ်ကြောင့်မောင်အရမ်းချစ်ပါတယ်ဆိုတဲ့ မ ဒီလောက်ခံစားနေရတာကိုနည်းနည်းမှမစဉ်းစားပေးဘူး
တစ်ကယ်ဆိုရင် မ မောင့်အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာမောင်အသိဆုံး
ချစ်လွန်းလို့ဒီလောက်ခံစားနေရတာပါ
မောင့်အချိုးမျိုးမောင့်ကိုပြန်ဆက်ဆံရင်မောင်ဘယ်လိုနေမှာလဲ
ဘက်ပြောင်းပီးစဉ်းစားကြည့်ပါ..ကိုယ်ချင်းစာ..နာတတ်ပါစေမောင်ရေ..

No comments: