Friday, May 23, 2008

ချစ်သူမောင့်သို့ ဝန်ခံချက်

မောင် အရမ်းချစ်တာဘဲ
မ’ဘဝမှာမောင်မရှိတော့ရင်အသက်ဆက်မရှင်နိုင်တော့ လောက်အောင်ပဲ
မိုးလင်းအိပ်ရာနိုးတာနဲ့ မောင်
ရေချိုးတော့လည်းမောင်
အဝတ်လဲ အလှပြင်နေချိန်လည်း မောင်
ဘူတာကိုလမ်းလျှောက်နေချိန်မှာလည်းမောင်
ရထားစီးနေရင်းလည်းမောင် မနက်စာစားနေတော့လည်း မောင်
အလုပ်ပါးနေတဲ့အခါလည်း (မောင့် ဂျီတော့နစ်လေးကိုကြည့်ရင်း) မောင်
နေ့လည်စာစားပီးအသီးစားရင်း သူငယ်ချင်းတွေနဲ့စကားပြောနေချိန်လည်း မောင်
ကဲ..အလုပ်ပြီးတဲ့နောက်…အလုပ်ပြန်ချိန်ရထားပေါ်မှာ..၊အိမ်ကိုလမ်းလျှောက်တဲ့လမ်းမှာ..၊
အိမ်ရောက်ပြီးမောင်က အွန်လိုင်းပေါ်ရောက်မလာတဲ့အချိန်တွေမှာ..၊မောင်လာတဲ့နေ့တွေ မောင်အနားရှိနေချိန်တွေမှာ ရန်ဖြစ်လိုက် အချစ်စမ်းလိုက်နဲ့ ဘဝင်ကိုလေဟပ်ခဲ့သလောက် မောင်ပြန်သွားတဲ့အခါမှာ……….အဲဒီအခါတွေတိုင်းမှာ ရင်ထဲ မောင်
အိပ်ရာဝင်တော့လည်းမောင်အမှတ်နဲ့ဝက်ဝံလေးကိုဖက်ထားရင်း……အိပ်မပျော်ခင်အထိ မောင်များဖုန်းဆက်ဦးမလားမျှော်ရင်း တမ်းတနေမိတာလည်း ..မောင်
မောင်ရေ..အဲဒီလောက်ထိ မ ရဲ့ ဘဝမှာ မောင်ကအချိန်တိုင်းစိုးမိုးနေပြီ
အရူးအမူးဘဲမောင့်ကိုချစ်နေမိတယ် ဘယ်လိုလုပ်မလဲ

No comments: