Saturday, May 24, 2008

ရက်စက်လိုက်တာ....



မောင်ရေ..ရက်စက်လိုက်တာဟာ
ဒီကတော့ချစ်လိုက်ရတာ..မောင်ပြောတော့လည်းအရမ်းချစ်နေတာဆို
ဘယ်မှာလဲမောင့်အချစ်တွေက….မောင်ကမ’ကိုအခုထိမယုံကြည်ဘူးကိုး
မောင့်ကိုပြောဘူးတယ်နော်..မ ကိုမယုံတာ မ ကိုစော်ကားတာဘဲလို့
အထူးသဖြင့် ကိုယ်ရင်နင့်အောင်ချစ်ရတဲ့သူကမယုံတာ ဝမ်းလည်းနည်း၊နာလည်းနာကြဉ်းတယ်
ဒီနေ့ဘာရယ်မဟုတ်ဘဲမောင့်ကို cyber ကနေwebcamလေးပြပါလို့ပြောတာကို 'တော်ကြာပုံရိုက်ယူထားမှာစိုးလို'့ တဲ့လား
အရင်ထဲကမောင့်ဆီကဓါတ်ပုံရဖို့တောင်းရတုန်းကလည်းမောင်ပြောဘူးတာ
အခုထိရင်နာနေရတုန်းမို့မမေ့ဘူး..ဘာတဲ့..
”တော်ကြာမောင်မိန်းမယူတော့အဲဒီဓါတ်ပုံနဲ့ပြသနာရှာနေမှာစိုးလို့”တဲ့
ဟား ဟား လူတွေကအရမ်းရီရတယ်…သူတို့ကိုယ်ကျတော့သိပ်သိတတ်ကြတယ်နော်
အတ္တ တော်တော်ကြီးကြတဲ့ယောကျာ်းတွေထဲမှာ မောင်ပါနေတာအရမ်းရင်နာရတယ်
မယုံရင်လည်းမပတ်သတ်ကြတာအကောင်းဆုံးဘဲပေါ့ ဘာပဲဖြစ်ဖြစ်မောင့်ကိုအရမ်းချစ်ခဲ့တယ်ဆိုတာယုံလိုက်ပါ..

No comments: