Thursday, June 5, 2008

မောင့်ကိုပြောချင်တဲ့ရင်ထဲကစကား

မောင့်ကိုအရမ်းချစ်တယ်ဤမှန်ကန်သောသစ္စာစကားကြောင့်မောင့်အချစ်ကိုထာဝရပိုင်ဆိုင်ခွင့်ရပါစေ
မောင်ရေ..ဒီဘဝမှာညှိုနှိုင်းမရနိုင်တဲ့အခြေအနေတွေကြောင့်ဆုံဖို့ မဖြစ်နိုင်ပေမယ့်
နောက်ဘဝမှာအခြေအနေ၊အဆင့်အတန်း၊အသက်အရွယ်ဘာမှကွာခြားမှူမရှိဘဲမောင်နဲ့ အတူတူ
မောင့်ပါရမီဖြည့်ဖက်ဖြစ်ပါရစေလို့ ဆုတောင်းမယ်
မောင့်ကိုကျေးဇူးတင်တယ် မောင့်အချစ်တွေနဲ့ပျော်ရွှင်စေခဲ့လို့
မောင်နဲ့ဆုံခဲ့ရတဲ့အချိန်လေးတွေကဘဝရဲ့အမြဲသတိရနေမဲ့အမှတ်တရနေ့စွဲလေးတွေပါ
မ“ကိုစေတနာထားအဖော်လုပ်ပေးပျော်ရွှင်မှူတွေပေးခဲ့တဲ့မောင့်စေတနာတွေကြောင့်
မောင့်စေတနာမောင့်ကိုအကျိုးပေးပီး ဘဝမှာပျော်ရွှင်ဖွယ်မိသားစုဘဝပိုင်ဆိုင်နိုင်ပါစေလို့ 
အဝေးကဆုတောင်းနေပါမယ်
မ“ရဲ့ဘဝမှာမောင့်ကိုအချစ်ရဆုံးပဲ မောင့်လောက်မ အကြိုက်နဲ့ထပ်တူညီတဲ့ယောကျာ်းမရှိခဲ့ဖူးဘူး
မ“တို့ နှစ်ယောက်ကအသက်ချင်းအရမ်းကွာတယ်ဆိုတာတောင်မေ့နေရအောင်စိတ်ချင်းညှိလို့ ရခဲ့တာ
မောင့်ကို အရမ်းချစ်တယ်မောင်ရယ်…အချစ်ဆုံးပါပဲ
အချစ်ဆုံးချစ်သူမို့ အပြင်မှာဆုံခွင့်ရချင်မိတယ်..သေချာပေါက်တော့မမျှောင်လင့်ရဲဘူး
ဆုံခွင့်မရခဲ့ရင်တောင် မောင့်ကိုဘယ်တော့မှအပြစ်မတင်ဘူး…..မောင့်ကိုနားလည်ပေးမယ်
မောင်စိတ်တိုင်းကျအတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တယ်
မောင်ကကျန်နေခဲ့ဆိုနေခဲ့မယ် မောင်က မောင့်အနားမှာနေဆိုနေပေးမယ်
မောင့်အပေါ်မှာတစ်ခါတစ်ခါနွဲ့ ဆိုး ဆိုးချင်တယ်
မောင်အချစ်တွေကိုလောဘကြီးပြီးရတာထက်ပိုလိုချင်တယ်
မောင့်ဆီအချိန်တိုင်းဖုန်းဆက်ချင်တယ် မောင်ဆီကဖုန်းဆက်လာတာကိုအမြဲပဲတောင့်တတယ်
မောင်ကနေနိုင်ရင် ပစ်ထားရင် ဝမ်းနည်းတယ်စိတ်တိုတယ် မခံချင်စိတ်တွေနဲ့မောင့်ကိုဆိုးမိတယ်
နားလည်ပေးပါမောင်ရယ် မောင့်ကိုချစ်လွန်းလို့ရူးနေတာတွေကို
မောင့်ကိုခဏလေးဖြစ်ဖြစ်ပိုင်ဆိုင်ချင်တယ်

No comments: