Wednesday, October 7, 2009

၂ နှစ်မြောက်ချစ်ပတ်လည်နေ့အတွက်


မောင်ရေ..မောင်နဲ့ချစ်တာဒီနှစ် ၂၂နိုဝင်ဘာ၂၀၀၉ဆို (၂)နှစ်ပြည့်တော့မယ်နော်..အဲဒီတုန်းကတော့မယုံမရဲနဲ့ ပဲ မချစ်ပဲမနေနိုင်တော့လို့ မောင့်ကိုချစ်လိုက်မိတာပါ..ခုထိလူချင်းမတွေ့ ရသေးပဲ ခိုင်ခိုင်မြဲမြဲချစ်နေတဲ့ဒို့ အချစ်ကတစ်ချို့ သူတွေ အတွက်တော့ ထူးဆန်းနေမလားပဲနော် ..ခဏခဏရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့များသောအားဖြင့်"မ" ထက်အများကြီးငယ်တဲ့မောင်ကလူကြီးဆန်လို့ "မ"ကိုအလျှော့ပေးတာများပါတယ်မောင်သိပ်ချစ်တာသိလို့များမောင့်အပေါ်ဆိုးမိသလားမသိ..ကိုယ့်ကိုယ်ကိုလည်းသိပါရဲ့..ဆိုးတာကို၊မောင်ရေ..မကိုချစ်လို့ကျေးဇူးတင်တယ်မောင်ရယ်..တစ်ကယ်ပါ..အချစ်ငတ်နေတဲ့"မ"ကိုမောင့်အချစ်နဲ့ဘဝမှာနေပျော်စေခဲ့တာ မောင့်ကိုချစ်ခွင့်ရလို့ကံကြမာကိုကျေးဇူးတင်တယ်..မောင်နဲ့ဒီနှစ်ဒီဇင်ဘာမှာဆုံနိုင်ခွင့်ကိုရင်ခုန်စွာမျှော်လင့်ရင်းပျော်နေမိတာမောင်သိလား

No comments: