Wednesday, May 28, 2008

မချစ်မိလို့သေတဲ့သူမရှိဘူး..ချစ်မိလို့ရင်ကွဲရတဲ့သူဘဲရှိတယ်

အချစ်ဆိုတာတစ်ခါတစ်ခါချိုမြသလောက်တစ်ခါတစ်ခါရင်ကိုစူးရှနာကျင်စေတတ်ပါလားနော် ဒါကြောင့်လည်းအချစ်ကိုဓါးသွားပေါ်ကပျားရည်စက်လို့  တင်စားကြတာထင်ပါရဲ့
မောင်ရေ..မောင်ရေ..ရက်စက်လိုက်တာလို့ စွပ်စွဲရင် မောင်ကမသိနားမလည်သလိုလေသံနဲ့မောင်ဘာလုပ်လို့လဲလို့ပြောဦးမှာမို့လား
အခုဆို ရင်ထဲမှာအရမ်းမွန်းကြပ်နေတယ်
မောင့်ကိုအရမ်းချစ်တယ်..လို့ပြောပြီးမောင်နဲ့အရင်လိုကြည်နူးချင်လိုက်တာ မောင်ရာ..
ချစ်လွန်းလို့မောင့်အကြောင်းတွေးလိုက်ရုံနဲ့ကြည်နူးပြီးအလိုလိုပြုံးနေတတ်ခဲ့တဲ့သူပါ
အခုတော့ မောင့်အကြောင်းသတိရလိုက်တာနဲ့ရင်ထဲကစူးပြီးအောင့်လာအောင်
မောင်ရက်စက်တယ်..မောင်က နေစိမ့်တယ်နော်
မောင့်လုပ်ရပ်ကြောင့်မောင်အရမ်းချစ်ပါတယ်ဆိုတဲ့ မ ဒီလောက်ခံစားနေရတာကိုနည်းနည်းမှမစဉ်းစားပေးဘူး
တစ်ကယ်ဆိုရင် မ မောင့်အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာမောင်အသိဆုံး
ချစ်လွန်းလို့ဒီလောက်ခံစားနေရတာပါ
မောင့်အချိုးမျိုးမောင့်ကိုပြန်ဆက်ဆံရင်မောင်ဘယ်လိုနေမှာလဲ
ဘက်ပြောင်းပီးစဉ်းစားကြည့်ပါ..ကိုယ်ချင်းစာ..နာတတ်ပါစေမောင်ရေ..

Saturday, May 24, 2008

ရက်စက်လိုက်တာ....



မောင်ရေ..ရက်စက်လိုက်တာဟာ
ဒီကတော့ချစ်လိုက်ရတာ..မောင်ပြောတော့လည်းအရမ်းချစ်နေတာဆို
ဘယ်မှာလဲမောင့်အချစ်တွေက….မောင်ကမ’ကိုအခုထိမယုံကြည်ဘူးကိုး
မောင့်ကိုပြောဘူးတယ်နော်..မ ကိုမယုံတာ မ ကိုစော်ကားတာဘဲလို့
အထူးသဖြင့် ကိုယ်ရင်နင့်အောင်ချစ်ရတဲ့သူကမယုံတာ ဝမ်းလည်းနည်း၊နာလည်းနာကြဉ်းတယ်
ဒီနေ့ဘာရယ်မဟုတ်ဘဲမောင့်ကို cyber ကနေwebcamလေးပြပါလို့ပြောတာကို 'တော်ကြာပုံရိုက်ယူထားမှာစိုးလို'့ တဲ့လား
အရင်ထဲကမောင့်ဆီကဓါတ်ပုံရဖို့တောင်းရတုန်းကလည်းမောင်ပြောဘူးတာ
အခုထိရင်နာနေရတုန်းမို့မမေ့ဘူး..ဘာတဲ့..
”တော်ကြာမောင်မိန်းမယူတော့အဲဒီဓါတ်ပုံနဲ့ပြသနာရှာနေမှာစိုးလို့”တဲ့
ဟား ဟား လူတွေကအရမ်းရီရတယ်…သူတို့ကိုယ်ကျတော့သိပ်သိတတ်ကြတယ်နော်
အတ္တ တော်တော်ကြီးကြတဲ့ယောကျာ်းတွေထဲမှာ မောင်ပါနေတာအရမ်းရင်နာရတယ်
မယုံရင်လည်းမပတ်သတ်ကြတာအကောင်းဆုံးဘဲပေါ့ ဘာပဲဖြစ်ဖြစ်မောင့်ကိုအရမ်းချစ်ခဲ့တယ်ဆိုတာယုံလိုက်ပါ..

Friday, May 23, 2008

ချစ်သူမောင့်သို့ ဝန်ခံချက်

မောင် အရမ်းချစ်တာဘဲ
မ’ဘဝမှာမောင်မရှိတော့ရင်အသက်ဆက်မရှင်နိုင်တော့ လောက်အောင်ပဲ
မိုးလင်းအိပ်ရာနိုးတာနဲ့ မောင်
ရေချိုးတော့လည်းမောင်
အဝတ်လဲ အလှပြင်နေချိန်လည်း မောင်
ဘူတာကိုလမ်းလျှောက်နေချိန်မှာလည်းမောင်
ရထားစီးနေရင်းလည်းမောင် မနက်စာစားနေတော့လည်း မောင်
အလုပ်ပါးနေတဲ့အခါလည်း (မောင့် ဂျီတော့နစ်လေးကိုကြည့်ရင်း) မောင်
နေ့လည်စာစားပီးအသီးစားရင်း သူငယ်ချင်းတွေနဲ့စကားပြောနေချိန်လည်း မောင်
ကဲ..အလုပ်ပြီးတဲ့နောက်…အလုပ်ပြန်ချိန်ရထားပေါ်မှာ..၊အိမ်ကိုလမ်းလျှောက်တဲ့လမ်းမှာ..၊
အိမ်ရောက်ပြီးမောင်က အွန်လိုင်းပေါ်ရောက်မလာတဲ့အချိန်တွေမှာ..၊မောင်လာတဲ့နေ့တွေ မောင်အနားရှိနေချိန်တွေမှာ ရန်ဖြစ်လိုက် အချစ်စမ်းလိုက်နဲ့ ဘဝင်ကိုလေဟပ်ခဲ့သလောက် မောင်ပြန်သွားတဲ့အခါမှာ……….အဲဒီအခါတွေတိုင်းမှာ ရင်ထဲ မောင်
အိပ်ရာဝင်တော့လည်းမောင်အမှတ်နဲ့ဝက်ဝံလေးကိုဖက်ထားရင်း……အိပ်မပျော်ခင်အထိ မောင်များဖုန်းဆက်ဦးမလားမျှော်ရင်း တမ်းတနေမိတာလည်း ..မောင်
မောင်ရေ..အဲဒီလောက်ထိ မ ရဲ့ ဘဝမှာ မောင်ကအချိန်တိုင်းစိုးမိုးနေပြီ
အရူးအမူးဘဲမောင့်ကိုချစ်နေမိတယ် ဘယ်လိုလုပ်မလဲ